မဲဆောက်နယ်စပ်ဂိတ်ကိုဖြတ်သန်းပြီး ပြုလုပ်သော ထိုင်းနှင့်မြန်မာနယ်စပ်ကုန်သွယ်ရေး ၃၀ ရာခိုင်နှုန်းနီးပါး ကျဆင်း

မဲဆောက်၊ ဩဂုတ် ၁၂

ထိုင်းနယ်စပ်မြို့ဖြစ်သော မဲဆောက်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းလုပ်ကိုင်နေသည့် ထိုင်းနှင့် မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ၂၀၂၃ ခုနှစ်အတွင်း ၂၀ ရာ ခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကြောင်း၊နယ်စပ်ကုန်သွယ်ရေးကျဆင်းခြင်းကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့မှ ကုန်ကားများဖြင့် ထိုင်းကုန်စည်များကို ရန်ကုန်မြို့ထံတင်ပို့ရေး ကျဆင်းခဲ့ကြောင်း တက်ပြည်နယ်ကုန်သွယ်ရေးဥက္ကဌဖြစ်သူ Mr. Chanin Songmek က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းတို့အပြင် ရေကြီးမှုကြောင့် တံတားများလမ်းများ ပျက်စီးခဲ့ခြင်းကြောင့် မြဝတီ-မဲဆောက်ကုန်သွယ်ရေး ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ထိုင်းနိုင်ငံ၊ တက်ပြည်နယ် ကုန်သွယ်ရေးဥက္ကဌက ကရင်ပြည်နယ်တွင် ကရင်လက်ကိုင်အဖွဲ့များနှင့် မြန်မာလုံခြုံရေးတပ်ဖွဲ့များကြားဖြစ်ပွားသော လက်နက် ကိုင်ပဋိပက္ခများက နယ် စပ်ကုန်သွယ်ရေးကို ထိခိုက်စေခဲ့သလို မြန်မာနိုင်ငံတွင် ကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းကြောင့် မြန်မာနိုင်ငံသားအများစုသည် မဲဆောက်နယ်စပ် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်း ပြီး ထိုင်းဘက်ခြမ်းတွင် ကုန်ပစ္စည်းများလာရောက်ဝယ်ယူရန် ကျဆင်းခဲ့ရကြောင်း ပြောသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် နှစ်ဆကျော်မြင့်တက်ခဲ့ပြီး ယခင်က ထိုင်းဘတ်တစ်ဘတ်ကို မြန်မာကျပ်ငွေ ၄၀ သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ထိုင်းဘတ်တစ် ဘတ်ကို မြန်မာကျပ်ငွေ ၉၀ ကျပ်အထိ မြင့်တက်လာခဲ့ရာ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေခဲ့ကြောင်း ၎င်းကပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရေကြီးမှုများဖြစ်ပွားခဲ့ကာ တံတားများကျိုးကျ ခြင်း၊ လမ်းများပျက်စီးခြင်းများ ဖြစ်ပွားခဲ့ရာ နယ်စပ်ကုန်သွယ်ရေးကို သက်ရောက်မှုများဖြစ်လာခဲ့ ရကြောင်း သိရသည်။

မဲဆောက်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းပြီးလုပ်ဆောင်သော ထိုင်းနှင့်မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် တစ်နှစ်ကို ထိုင်းဘတ်သန်း သိန်းချီရှိနေခဲ့ကြောင်း လက်ရှိအချိန်တွင် မဲ ဆောက်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းပြီးလုပ်ဆောင်သော ထိုင်းနှင့်မြန်မာနယ်စပ်ဒေသ အပြန်အလှန်ကုန်သွယ်မှု ၃၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း သိရသည်။

တက်ပြည်နယ်ကုန်သွယ်ရေးဥက္ကဌ ဖြစ်သူက “ မြဝတီမြို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် သယ်ယူပို့ဆောင်ရေး ရပ်တန့်ခဲ့ရတယ်။တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် လမ်း ကြောင်းပြောင်းသွားရတာမျိုးတွေလည်း ရှိခဲ့တယ်။ ပြီးခဲ့တဲ့လတုန်းကဆိုရင် မြဝတီမြို့မှာ တံတားတစ်စင်းပျက်စီးခဲ့ပေမယ့် ကုန်စည်တွေကို ထိခိုက်တာမျိုးမရှိပါဘူး။ မြန်မာနယ် စပ်ဒေသမှာဖြစ်နေတဲ့ တိုက်ပွဲအသံတွေကို ထိုင်းနိုင်ငံဘက်ခြမ်းကနေ ကြားရပါတယ်။ မြန်မာနိုင်ငံဟာ ထုတ်ကုန်တွေ လိုအပ်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့အခြေနေတွေကို ပုံမှန် အတိုင်းပြန်ဖြစ်ဖို့ မျှော်လင့်နေပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံဘက်ခြမ်းကို ကုန်စည်တွေ အပြည့်အဝတင်ပို့နိုင်တာမျိုးမရှိဘူး။” ဟုပြောသည်။

ကောင်းထက်ငွေ

prachachat.net

#ယနေ့ခေတ်

မဲဆောက်နယ်စပ်ဂိတ်ကိုဖြတ်သန်းပြီး ပြုလုပ်သော ထိုင်းနှင့်မြန်မာနယ်စပ်ကုန်သွယ်ရေး ၃၀ ရာခိုင်နှုန်းနီးပါး ကျဆင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်