မူဆယ်တွင် ပရဟိတအသင်းတစ်ခုက အ​ခြေခံစား​သောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ​ရောင်းချ​ပေး

ရန်ကုန်၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(​မြောက်ပိုင်း) မူဆယ်မြို့နယ်တွင် တိုက်ပွဲများ​ကြောင့် စစ်​ဘေး​ရှောင်ဒုက္ခသည်များ စားဝတ်​နေ​ရေးအဆင်​ပြေ​စေရန် ရည်ရွယ်၍ ကမ်းလက်ကူညီ ပရဟိတအသင်း (မူဆယ်)က ဆန်၊ ဆီနှင့် ဟင်းသီး၊ ဟင်းရွက်များအပြင် အ​ခြေခံစား​သောက်ကုန်များကို ​နိုဝင်ဘာ ၆ ရက်၊ နံနက်ပိုင်းက စျေးနှုန်းသက်သာစွာ ​ရောင်း​ချ​​ပေးခဲ့ကြောင်း ကမ်းလက်ကူ ညီ​ ပရဟိတအသင်း (မူဆယ်) က ယ​နေ့​ခေတ်သို့​ ​ပြောသည်။

ရှမ်းပြည်နယ်တွင် တိုက်ပွဲများ​ကြောင့် ကုန်ပစ္စည်းများ သယ်ယူပို့​ဆောင်​ရာတွင် အခက်အခဲများ​ရှိနေရာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်လျက်ရှိလာပြီး စစ်​ဘေး​ရှောင်ဒုက္ခသည် များ အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရချိန် ကမ်းလက်ကူညီ ပရဟိတအသင်း(မူဆယ်)က အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် မူဆယ်နာရီစင်အနီး ရောင်းချ ပေးခဲ့​ကြောင်း ကမ်းလက်ကူညီ ​ပရဟိတအသင်း(မူဆယ်)က ယ​နေ့​ခေတ်သို့​ ​ပြောသည်။

“ တရုတ်ပြည်ကနေ သယ်လာတာပါ။ ဟိုဘက်ကဝယ်တဲ့စျေးနဲ့ ၁၀၀ လောက်ပဲ အမြတ်ယူတာပါ။ ဘာလို့လဲဆိုတော့ တချို့ပစ္စည်းတွေ ပျက်စီးတတ်တဲ့ဟာတွေ ပါတဲ့အတွက် ကြောင့်ပါ။ ရရှိထားတဲ့ အမြတ်တွေကိုလည်း စားဝတ်နေရေး အဆင်မပြေတဲ့ မိသားစုတွေကို ပြန်ပြီးထောက်ပံ့ပေးမှာဖြစ်တယ်။” ဟု ကမ်းလက်ကူညီ ​ပရဟိတအသင်း(မူဆယ်)က ယ​နေ့​ခေတ်သို့​ ​ပြောသည်။

ကမ်းလက်ကူညီ ပရဟိတအသင်း(မူဆယ်)က တရုတ်ပြည်မှ ဝယ်ယူလာသည့် ကြက်ဥတစ်လုံးကို ကျပ် ၄၀၀ ၊ ဆန်တစ်ပြည် ၄၅၀၀ ကျပ်၊ ဆန် ၂၄ ပြည်တစ်အိတ် တစ်သိန်းကျပ် နှင့် ဆီသုံးပိသာ ၂၅,၀၀၀ ကျပ်တို့ဖြင့် ပြန်လည်ရောင်းချပေးခဲ့​ကြောင်း သိရသည်။

ကမ်းလက်ကူညီ ​ပရဟိတအသင်း(မူဆယ်)က နယ်စပ်က ကုန်ပစ္စည်းလမ်းများ သယ်ယူပို့​ဆောင်​ရေး အခက်အခဲဖြစ်​​နေချိန်ကာလအထိ အခြေခံလူတန်းစားများ အဆင်ပြေစေဖို့ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နမ့်ခမ်း၊ ကွတ်ခိုင်နှင့် နမ့်ဖတ်ကာတွင် အဆင်မပြေမှုများကြုံလာလျှင် အဆိုပါဒေသရှိ လူမှုကူညီရေးအသင်းများနှင့်ချိတ်ဆက်ပြီး ကူညီ​ပေးသွားမည်ဖြစ်​ကြောင်း ကမ်းလက်ကူညီ ​ပရဟိတအသင်း(မူဆယ်)က ယ​နေ့​ခေတ်သို့​ ​ပြောသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

မူဆယ်တွင် ပရဟိတအသင်းတစ်ခုက အ​ခြေခံစား​သောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ​ရောင်းချ​ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်