မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်၊ မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၌ ရပ်ထားသည့် ၆ ဘီးကားအား အရှိန်မထိန်းနိုင်ပဲ မောင်းလာသည့် Hijet ကားက အနောက်မှဝင်တိုက်ခဲ့ရာ အမျိုး သားတစ်ဦးနှင် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီခန့်တွင် တောင်ကြီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အ မှတ် ၈၉/၇ နှင့် ၉၀/၀ ကြားတွင် ရပ်ထားသည့် Nissan အဖြူရောင် ၆ ဘီးကားအား အရှိန်မထိန်းနိုင်ပဲ မောင်းလာသည့် Hijet အဖြူရောင်ကားက အနောက်မှ ဝင်တိုက်ခဲ့သည်။ အဆိုပါ Hijet ယာဉ်ပေါ်တွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး လိုက်ပါလာပြီး ယာဉ်တိုက်မှုကြောင့် Hijet ယာဉ်မောင်းအမျိုးသားသည် ကားခေါင်းခန်းထဲညပ်၍ သေဆုံးသွားကြောင်းနှင့် ယာဉ်ပေါ်မှလိုက်ပါလာသည့် အမျိုးသမီးတစ်ဦးလည်း သေဆုံးသွားကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ဖြစ်တဲ့အချိန်မှာ အစအဆုံးတော့မရှိဘူးဗျ။ ကျွန်တော်ရောက်တဲ့အချိန်မှာတော့ တစ်ဦးတော့ကျန်သေးတယ်။ ကားခေါင်းခန်းထဲမှာ ညပ်နေတဲ့တစ်ယောက် တော့ရှိတယ်။ ဒဏ်ရတဲ့သူတွေကိုတော့ ဟဲဟိုးဆေးရုံကို ရောက်ကုန်ကြပြီ။ အနီးဆုံးမှာရှိတဲ့ နာရေးကူညီမှုအသင်းက ပို့ပေးလိုက်တယ်လို့တော့ပြောတယ်။” ဟု မြတ်စေတနာ အသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။

စက်တင်ဘာ ၁၁ ရက်၊ နံနက် ၈ နာရီ မီနစ် ၄၀ ခန့်တွင် ဥတ္တရသီရိမြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၇/၀ နှင့် ၂၁၈ အကြား လမ်းလယ်ကျွန်ပေါ်သို့ Hijet အဖြူရောင် ကားတစ်စီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-မြတ်စေတာနာ လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်