မရမ်းကုန်းမြို့နယ်တွင် ကားလေးစီးဆင့်တိုက် အမျိုးသားသုံးဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကား​လေးစီးဆင့်တိုက်ရာက အမျိုးသားသုံးဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ယမန်နေ့ နေ့လည် ၂ နာရီခန့်က မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်း၊ဥက္ကလာဂေါက်ကွင်းရှေ့၌ အိမ်းစီးကားက လမ်းပြောင်းပြန်ကျော်မောင်းလာရာက Light Truck ကားနှင့်ဝင်တိုက်ခဲ့ပြီး အနောက်မှမောင်းလာသည့် ကားနှစ်စီးနှင့်ပါ ဆင့်တိုက်ခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်သိတာက အိမ်စီးကားနဲ့ Light Truck ကားနဲ့တိုက်မိတယ်။ အိမ်စီးကားက လမ်းပြောင်းပြန်ကျော်တက်ပြီးတော့ တိုက်မိသွားတယ်။ အဲ့ဒါနဲ့ နောက်မှာပါလာတဲ့ ကား နှစ်စီးနဲ့ထပ်တိုက်တော့ လေးစီးဆင့်တိုက်သလိုဖြစ်သွားတယ်။ ကျွန်တော်တို့ ကောက်သွားတာတော့ နှစ်ဦး။ တစ်ဦးကိုတော့ တက္ကစီနဲ့ခေါ်သွားတယ်။ ကားတိုက်ထားတဲ့ အရှိန်နဲ့ ဆိုတော့ ဓာတ်မှန်တွေတော့ ရိုက်ရမယ်ထင်တယ်။” ဟု မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးကို မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ မြောက်ဥက္ကလာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

မရမ်းကုန်းမြို့နယ်တွင် ကားလေးစီးဆင့်တိုက် အမျိုးသားသုံးဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်