မင်္ဂလာဒုံ၌ ကားချင်းရှောင်ရာမှ ထပ်ဆင့်ယာဥ်တိုက်မှုဖြစ်ပွား၊ ၈ တန်းကျောင်းသူ အပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂

မင်္ဂလာဒုံမြို့နယ်၌ ယနေ့နံနက်ပိုင်းက ကားချင်းရှောင်ရာမှ ထပ်ဆင့်ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသူတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးသွားကြောင်း ဒေသခံ ပရဟိတအသင်းထံမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်ပျဉ်းမပင်ကျေးရွာအနီး၌ ဇူလိုင်လ ၂ ရက် နံနက် ၈ နာရီဝန်းကျင်က ပဲခူး-ရန်ကုန်လိုင်းကားတစ်စီးက ပရိုဘောက်ယာဥ်အားရှောင်ရာမှ လမ်းသွယ် မှထွက်လာသော ဆိုင်ကယ်အားဝင်တိုက်ခဲ့ပြီး အုတ်နံရံနှင့်ထပ်မံတိုက်မိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

“ ဆိုင်ကယ်ပေါ်မှာက မောင်းတဲ့သူနဲ့ ကလေးနှစ်ယောက်ပါလာတာ။ ဆိုင်ကယ်မောင်းတဲ့သူနဲ့ ရှစ်တန်းကျောင်းသူတစ်ယောက်ကတော့ ဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ကားအောက်ကနေ ကယ်ဆယ်လိုက်နိုင်တယ်” ဟု ပုလဲအရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိ၍ နှစ်ဦးသေဆုံးသွားသောကြောင့် ပတ္တမြားလူငယ်ပရဟိတအသင်းနှင့် ပုလဲအရံမီးသတ်တပ်ဖွဲ့တို့မှ မြောက်ဥက္ကလာပဆေး ရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နေပိုင်ဇော်

ဓာတ်ပုံ – Htin Lin Aung ( FB )

#ယနေ့ခေတ်

မင်္ဂလာဒုံ၌ ကားချင်းရှောင်ရာမှ ထပ်ဆင့်ယာဥ်တိုက်မှုဖြစ်ပွား၊ ၈ တန်းကျောင်းသူ အပါအဝင် ၂ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်