ဖားကန့်မြို့၌ Green City KTV မန်နေဂျာ သေနတ်ဖြင့် ပစ်သတ်ခံရ

ဖားကန့်၊ ဩဂုတ် ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ လုံးခင်း၊ ရပ်ကွက်(၁)၌ ဖွင့်လှစ်ထားသည့် Green City KTV မန်နေဂျာ အမျိုးသားတစ်ဦး ယမန့်နေ့ ည ၁၀ နာရီ ဝန်းကျင်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း တာဝန်ရှိသူများနှင့် နီးစပ်သူထံမှ သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် Green City KTV မန်နေဂျာသည် အသက် ၅၀ ဝန်းကျင်ဖြစ်ပြီး ဩဂုတ် ၁၇ ရက်၊ ည ၁၀ နာရီကျော်က ဆိုင်အတွင်းရှိနေစဉ် မျက်နှာဖုံးစွပ်ထားသည့် အမည်မသိအမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ သေနတ်နဲ့ ပစ်သတ်ခံရတဲ့သူက Green City KTV မန်နေဂျာပါ။ ရုတ်တရက် ဆိုင်ကယ်နဲ့ရောက်လာတဲ့ သေနတ်သမားတွေက ပစ်သတ်သွားတာ။ သေနတ်ဒဏ်ရာ ၄ ချက်လောက် နဲ့ ဆုံးသွားတယ်လို့သိရတယ်။ ဖြစ်စဉ်ကို တာဝန်ရှိသူတွေ လာစစ်ဆေးသွားတာတွေ့ရတယ်။” ဟု အနီးနားမှမျက်မြင်တစ်ဦးက ပြောသည်။

ဩဂုတ် ၁၇ ရက်၊ နေလည်ပိုင်းကလည်း ဖားကန့်မြို့၌ လမ်းပေါ် တွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသား ၃ ဦး၏ရုပ်အလောင်းများ တွေ့ရှိခဲ့သေးကြောင်း ဒေသခံလူမှုကူညီ ရေးအသင်းများထံမှ သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

Photo- Win Ko

ဖားကန့်မြို့၌ Green City KTV မန်နေဂျာ သေနတ်ဖြင့် ပစ်သတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်