ပုလောတွင်မြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ

ပုလော၊ စက်တင်ဘာ ၁၀

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူကျေးရွာအုပ်စုတွင် စက်တင် ဘာ ၉ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ ၅ ဦးဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၉ ရက် မနက်ပိုင်းက လက္ကူကျေးရွာအုပ်စု လက္ကူရွာနှင့် မြဒေါင်ရွာတို့တွင် လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံတစ်ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လက္ကူကျေးရွာမှ အသက် ၂၀ နှစ်ကျော် ကိုမြတ်ဖြိုးဝေသည် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ဝမ်းဗိုက်ထိ အူပွင့်ကာ နေ ရာတွင်သေဆုံးခဲ့ပြီး နောက်ထပ် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါဝင်လူ ၅ ဦးကျည်စထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ မနေ့ မနက် ၁၀ နာရီခွဲလောက်ကဖြစ်တာ။ လက်နက်ကြီးကျည်ထိတာ။ အား လုံးဒေသခံ ၆ ယောက်ထိတာ၊ တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံ ၅ ဦးတွင် အမျိုးသမီး ၁ ဦးဒဏ်ရာ ပြင်းထန်သဖြင့် ပုလောမြို့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း၊ အသက် ၃ နှစ်အရွယ် ကလေးငယ်သည် ကျည်စထိမှန်ဒဏ်ရာ ပြင်းထန်ကြောင်းနှင့် ကျန် ၃ ဦးသည် မစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်ကလည်း ပုလောမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့်အပြင် ဒေ သခံ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

Photo –CJ

ပုလောတွင်မြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်