နယ်မြေအခြေနေအရ ကသာနှင့် ကောလင်းရှိဘဏ်များ ယာယီပိတ်ထား

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကသာနှင့် ကောလင်းမြို့များရှိဘဏ်များအား နယ်မြေအခြေအနေအရ ယာယီပိတ်ထားကြောင်း ယနေ့ခေတ်မှ စုံစမ်းသိရှိရသည်။

“ လောလောဆယ်ကတော့ နယ်မြေအခြေအနေအရ ယာယီပိတ်ထားပါတယ်။ ကသာနဲ့ ကောလင်းက ဘဏ်ခွဲတွေပိတ်ထားတယ်။” ဟု KBZ Bank မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ကောလင်းမြို့နှင့် ကသာမြို့၌ နိုဝင်ဘာ ၃ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ ပြီး ဒေသခံအချို့ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသည့် ကောလင်းနှင့် ကသာမြို့များ၌ ငွေထုတ်၊ ငွေသွင်းလုပ်ငန်းများဖြစ်သည့် kpay နှင့် wave money ဝန်ဆောင်မှုများ အသုံးပြုရာ၌ အခက် အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“ Wave Money အနေနဲ့ လတ်တလောမှာ ကသာနဲ့ ကောလင်းဘက်မှာ ဝန်ဆောင်မှုပိတ်ထားတာ မရှိပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အသုံးပြုလို့ရအောင် လုပ်ထား ပေးပါတယ်။ အင်တာနက်လိုင်းလေးနဲ့ ဖုန်းလိုင်းကို တစ်ချက်ပြန်စစ်ဆေးပေးစေချင်ပါတယ်။” ဟု Wave Money မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဘဏ်များအားလုံး ယာယီပိတ်ထားရကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – စီဂျေ

ပုံစာ – ကောလင်းမြို့တွင်းမြင်ကွင်းအချို့

#ယနေ့ခေတ်

နယ်မြေအခြေနေအရ ကသာနှင့် ကောလင်းရှိဘဏ်များ ယာယီပိတ်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်