ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၁) ရပ်ကွက်၌ ယာဉ်တိုက်မှုဖြစ်ပွား အမျိးသားတစ်ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၁) ရပ်ကွက်၊ ကနောင်လမ်း၊ မင်းသားကြီးနှင့် ပဲခူးမြစ်လမ်းတောင့်တွင် ယာဉ်တိုက်မှုပွားပြီး ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံး ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၇ ရက်၊ ည ၉ နာရီ ၁၇ မိနစ်အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၁) ရပ်ကွက်၊ ကနောင်လမ်း၊ မင်းသားကြီးနှင့် ပဲခူးမြစ်လမ်းတောင့် ကုမ္ပဏီဘောက်ကားက တွဲကားအား အနောက်မှာဝင်တိုက်ခဲ့ကြောင်းသိရပြီး ဘောက်ကားမောင်းသူ သက်၂၄ နှစ်ရှိ ကိုဝေယံနိုင်သည် ကားထဲတွင်ညပ်၍ သေဆုံးနေကြောင်း လူမှုကူညီရေးအသင်းမှ တာ ဝန်ရှိသူတစ်ဦး၏ ပြောကြာချက်အရ သိရသည်။

“တွဲကားကို သူက အနောက်ကနေ ဝင်တိုက်လိုက်တာပေါ့။ အနောက်ကတိုက်တဲ့ကားက ကုမ္ပဏီဘောက်ကား။ ကားပေါ်မှာပါလာတာကတော့ နှစ်ယောက်၊ ယာဉ်မောင်းတစ် ယောက်တော့ ညပ်နေတယ်ဆိုပြီး သတင်းရတော့ အကိုတို့ ထွက်သွားတာပေါ့။ ယာဉ်မောင်းက အကိုတို့ရောက်တော့ အသက်ကငွေ့ငွေ့ လေးပဲရှိတော့တယ်။ အရောင်ကလည်း ပြောင်းလာပြီဆိုတော့ သူကိုအကိုတို့ ဆွဲထုတ်ပြီး အားလုံးကအတည်ပြုလိုက်ကြတယ်။ သေဆုံးသူက အသက် ၂၄ နှစ်။ နာမည်က ဝေယံနိုင်။” ဟု အကြင်နာကုသိုလ်ပြု လူမှု့ကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ.နှင် လူမှုကူညီရေးအသင်းများ ဝိုင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး ‌သေဆုံးသူ ယာဉ်မောင်းကို အကြင်နာကုသိုလ်ပြု လူမှု့ကူညီရေးအသင်းမှ စံပြဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်၊ နံနက် ၁၂ နာရီ ၁၃ မိနစ်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက်မီးပွိုင့်၌ ယာဉ် ၃ စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- အကြင်နာကုသိုလ်ပြု လူမှု့ကူညီရေးအသင်း

#ယနေ့ခေတ်

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၁) ရပ်ကွက်၌ ယာဉ်တိုက်မှုဖြစ်ပွား အမျိးသားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်