ထိုင်းအစိုးရအသစ်ဖွဲ့စည်းရန် နှောင့်နေးမှုများကြောင့် နိုင်ငံစီးပွားရေးအခက်အခဲ ဖြစ်လာ ဖွယ်ရှိနေကြောင်း ထိုင်းဗဟိုဘဏ် ဒုတိယအကြီးအကဲ သတိပေး

ဘန်ကောက်၊ ဩဂုတ် ၁

ထိုင်းအစိုးရအဖွဲ့အသစ်ဖွဲ့စည်းရေး နှောင့်နေးမှုများ ဆက်လက်ဖြစ်ပွားနေမည်ဆိုလျှင် ထိုင်းနိုင်ငံ၏စီးပွားရေး ထိခိုက်ဖွယ်ရှိနေသည့်အပြင် ရင်းနှီးမြှုပ်နှံ့သူများ၏ ယုံကြည်မှုများ ကျဆင်းဖွယ်ရှိနေကြောင်း ထိုင်းဗဟိုဘဏ် ဒုတိယအ ကြီးအကဲက သတိပေးပြောဆိုလိုက်သည်။

ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်အသစ် ရွေးချယ်ရေးကို ဇွန်လ ၁၃ ရက်နေ့ကတည်းက စတင်ခဲ့သော်လည်း ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ် ရက်ကို ဝန်ကြီးချုပ်အ ဖြစ်ရွေးချယ်ရန် အငြင်းပွားမှုများကြောင့် လက်ရှိအချိန်အထိ ဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရှေ့သို့ချီပါတီသည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း တော်ဝင်ဘုရင်စနစ်ကို ဝေဖန်သူများအပေါ် ပြစ်ဒဏ်ပေးမည့်ဥပဒေကို ပြင်ဆင်ပြောင်းလဲရန် မဲဆွယ်စည်းရုံးခဲ့ ပြီးနောက် ထိုင်းအထက်လွှတ်တော်ကိုယ်စားလှယ်များအပြင် ထိုင်းကွန်ဆာဗေးတစ်ပါတီများက ရှေ့သို့ချီပါတီကတင်သွင်းသော ဝန် ကြီးချုပ်လောင်းကို ဆန့်ကျင့်ကန့်ကွက်မှုများရှိ နေခဲ့ကြောင်း သိရသည်။

ပီတလင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်အသစ် မရွေးချယ်နိုင်ခြင်းနှင့်ပတ်သက်ပြီး ရှေ့သို့ချီပါတီကို အားပေးထောက်ခံသူများက ဆန္ဒပြမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ထိုင်းဗဟိုဘဏ် ဒုတိယအကြီးအကဲ Chayawadee Chai-anant က ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုသည် နိုင်ငံစီးပွားရေးတိုးတက်ရေးတွင် ဘေးအန္တရာယ်ဖြစ်ဖွယ်ရှိနေသော အဓိက အကြောင်းအရင်းသုံးခုတွင် ပါဝင်နေကြောင်းပြောသည်။

ထိုင်းအစိုးရအသစ်ဖွဲ့စည်းနိုင်ရေးက ကာလအတန်ကြာ နှောင့်နေးမှုများ ဆက်လက်ဖြစ်နေမည်ဆိုလျှင် အစိုးရအေဂျင်စီများ ဘတ်ဂျက်ရယူနိုင်မှုကို သက်ရောက်မှုများဖြစ်လာနိုင် ပြီး စီးပွားရေးအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

၎င်းက “ နိုင်ငံစီးပွားရေးတိုးတက်မှုတွေဟာ အစိုးရအသစ်ဖွဲ့စည်းနိုင်မှု အချိန်ဘယ်လောက်ကြာမလဲဆိုတဲ့အချက်အပေါ်မှာ မူတည်နေပါတယ်။ အစိုးရအသစ်ဖွဲ့စည်းနိုင်ရေးက ကာ လအတန်ကြာ နှောင့်နေးမယ်ဆိုရင် ရင်းနှီးမြှုပ်နှံ့သူတွေရဲ့ ယုံကြည်မှုတွေကို သက်ရောက်မှုတွေရှိလာနိုင်တယ်။” ဟုပြောသည်။

ထိုင်းနိုင်ငံရေးအခြေနေများကြောင့် ဇွန်လအတွင်း ဘတ်ငွေတန်ဖိုး ကျဆင်းခဲ့သော်လည်း ပြည်ပခရီးသွားလာရောက်မှု မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဇွန်လနောက်ပိုင်းကဆန္ဒပြပွဲများဖြစ်ပွားလာခဲ့ရာ နိုင်ငံရေးအမြင်အယူဆမတူညီသော အုပ်စုများကြား ထိပ်တိုက်တွေ့ဆုံမည်ကို စိုးရိမ်မှုများ မြင့်တက်ခဲ့ကြောင်း သိရ သည်။

ကောင်းထက်ငွေ

nationthailand.com

#ယနေ့ခေတ်

#ထိုင်းနိုင်ငံ

#ဝန်ကြီးချုပ်ရွေးချယ်ရေး

#Hightlight

ထိုင်းအစိုးရအသစ်ဖွဲ့စည်းရန် နှောင့်နေးမှုများကြောင့် နိုင်ငံစီးပွားရေးအခက်အခဲ ဖြစ်လာ ဖွယ်ရှိနေကြောင်း ထိုင်းဗဟိုဘဏ် ဒုတိယအကြီးအကဲ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်