ထိုင်းနိုင်ငံရှိ လူငယ်များအကြားတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု ပိုမိုမြင့်တက် လာ

ဘန်ကောက်၊ စက်တင်ဘာ ၄

ထိုင်းနိုင်ငံရှိ လူငယ်များကြား မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု မြင့်တက်နေကြောင်း ထိုင်းရောဂါထိန်းချုပ်ရေးဌာန DDC က သတင်းထုတ်ပြန်လိုက်သည်။

သြဂုတ်လအတွင်း ကူးစက်ခဲ့သော မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၁၆ ဦးက လူငယ်များဖြစ်ပြီး လူငယ်များထဲတွင် အသက်အငယ်ဆုံးက အသက် ၁၆ နှစ်အရွယ်ဖြစ် ကြောင်း ထိုင်း DDC အဖွဲ့ကပြောသည်။

ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသည့် လူနာများအခြေနေနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း၊ ကူးစက်ခံရသူအများစုက လိင်ဆက်ဆံမှုများကြောင့် အဖြစ်များ ကြောင်း ထိုင်း DDC အဖွဲ့ကပြောသည်။

ထိုင်းနိုင်ငံရှိ ဒေသ ၁၉ ခုတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူများရှိနေကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံ၏ အဓိကမြို့ဖြစ်သော ဘန်ကောက်မြို့တွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူဦးရေ ၁၀၀ နီးပါးရှိနေကြောင်း သိရသည်။

DDC အဖွဲ့၏အဆိုအရ ယခုနှစ်ဇန်နဝါရီ ၁ ရက်နေ့မှ သြဂုတ် ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံသူ ၂၁၇ ဦးရှိနေကြောင်း ကူးစက်ခံရသူအများစု သည် အသက် ၂၀ နှစ်နှင့် အသက် ၆၄ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း ဆိုသည်။

သြဂုတ်လအကုန်အထိ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူအရေအတွက် ထပ်မံတိုးလာခဲ့ပြီး ၃၁၆ ဦး ကူးစက်ခံရကြောင်း ထိုင်း DDC အဖွဲ့က ဖော်ပြ ထာသည်။

ကူးစက်ခံရသူအားလုံး၏ ၈၅ ရာခိုင်နှုန်းက လိင်ဆက်ဆံမှုများကြောင့်ဖြစ်ကြောင်း၊ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူအားလုံး၏ ၂၂၇ ဦးက ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန် ၄၀ နီးပါးက နိုင်ငံခြားသားများဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မျောက်ကျောက်ရောဂါ ကူးစက်ခံရသူအများစုက လူငယ်များဖြစ်နေသည့်အတွက် အသိပညာ၊ နားလည်မှုများနှင့် ရောဂါကူးစက်မှုများကို ထိန်းချုပ်ရန် လိုအပ်ကြောင်း ထိုင်းကျန်း မာရေးအာဏာပိုင်များက ပြောသည်။

ကောင်းထက်ငွေ

nationthailand.com

#ယနေ့ခေတ်

ထိုင်းနိုင်ငံရှိ လူငယ်များအကြားတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု ပိုမိုမြင့်တက် လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်