ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကွန်ကရစ်ကျောက်တုံးပိကာ မြန်မာတစ်ဦး သေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၂၃

ထိုင်းနိုင်ငံ၊ ဆာရာဘူရီပြည်နယ်၊ Mueang ဒေသ၊ အမှတ် (၆) ကျေးရွာအနီးရှိ မီးရထားလမ်းဖြတ်ကူးသည့် ဂုံးကျော်တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဇန်နဝါရီ ၂၁ ရက်နေ့က မတော်တဆမှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

ဆာရာဘူရီပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဆီရက်ခွန်နုဒန်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကွန်ကရက်ကျောက်တုံးကြီး ပြုတ်ကျရာမှ လူတစ်ဦးသေဆုံးသည်ဆိုသော သတင်း ကို လက်ခံရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၂၁ ရက်နေ့တွင် အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦး သေဆုံးနေသည်ကို တွေ့မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးရထားလမ်း လူကူးဂုံးကျော်တံတားသည် မြေပြင်မှ အမြင့် ၁၅ မီတာတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား၏ ရုပ်အလောင်းက ကျောက်တုံးအောက်တွင် ရောက်ရှိနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ကျောက်တုံးပြုတ်ကျခဲ့မှုကြောင့် မြန်မာနိုင်ငံသား ဆန်လင်းဆိုသူသည် ပြင်းထန်သောဒဏ်ရာများရရှိခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲမှူးကြီး ဆီရက် ခွန်နုဒန်က ပြောသည်။

သေဆုံးသူသည် အသက် ၂၃ နှစ်နှင့် အသက် ၃၀ အရွယ်ကြားရှိနေပြီး၊ ၎င်း၏ရုပ်အလောင်းကို Nakhon Nayok ပြည်နယ် Forensic Institute သို့ပို့ဆောင်ကာ ဓါတ်ခွဲစမ်းသပ်သွား မည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သမားများ နေလည်ထမင်းစားနားချိန်အတွင်း မြန်မာအလုပ်သမား ကိုဆန်းလင်းအပေါ်ကို ကွန်ကရက်ကျောက်တုံးကြီး ပြုတ်ကျခဲ့ခြင်းဖြစ် ကာ၊ ပြုတ်ကျခဲ့သော ကွန်ကရစ်ကျောက်တုံးအလေးချိန်မှာ ၆၀၀ နှင့် ၇၀၀ ကီလိုဂရမ်ရှိကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ ကွန်ကရစ်ကျောက်တုံး ပြုတ်ကျခဲ့မှုနှင့်ပတ်သက်ပြီး အလုပ်သမားများကို အသေးစိတ်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ထိုင်းအခြေစိုက် ထိုင်းရက်သ တင်းတွင် ဖော်ပြထားသည်။

ကောင်းထက်ငွေ

thairath.co.th/news

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကွန်ကရစ်ကျောက်တုံးပိကာ မြန်မာတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်