စစ်တပ်နှင့်ဆက်နွယ်သည့် Bhumjaithai ပါတီနှင့် မဟာမိတ်ညွှန်ပေါင်းအဖြစ် ပူးပေါင်း လိုက်ခြင်းကို မကျေနပ်သည့်အတွက် ဖြူထိုင်းပါတီရုံးချုပ်ရှေ့တွင် ပါတီဝင်ကတ်များကို မီးရှို့ဆန္ဒပြ

ဘန်ကောက်၊ ဩဂုတ် ၈

ဖြူထိုင်းပါတီနှင့် ရွေးကောက်ပွဲမှာ တတိယမဲအများဆုံးရရှိထားသော Bhumjaithai ပါတီတို့ ညွှန်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ခြင်းအပေါ် မကျေနပ် သည့်အတွက် တက္ကဆီသမားအုပ်စုသည် သြဂုတ် ၈ ရက်နေ့တွင် အနီရောင်ရှပ်အင်္ကျီများနှင့် ဖြူထိုင်းပါတီဝင်ကဒ်ပြားများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Taluwang ဦးဆောင်တဲ့ နိုင်ငံရေးအုပ်စုသည် သြဂုတ် ၇ ရက်နေ့က ဖြူထိုင်းပါတီရုံးချုပ်ရှေ့နားတွင်ဆန္ဒပြကာ စီးနင်းမှုများပြုလုပ်ခဲ့ပြီး နောက်လုံခြုံရေးတင်းကြပ်ထားကြောင်း သိ ရသည်။

ဖြူထိုင်းပါတီသည် ရှေ့သို့ချီပါတီဦးဆောင်သော ၈ ပါတီ ညွှန်ပေါင်းအဖွဲ့တွင်ပါဝင်ခဲ့သော အထက်လွှတ်တော်ကိုယ်စားလှယ်များ၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သောရက်ပိုင်းတွင် ၈ ပါတီညွှန့်ပေါင်းအဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ဖြူထိုင်းပါတီရုံးချုပ်ရှေ့မှာ ဆန္ဒပြခဲ့သော တက္ကဆီသမား အုပ်စုခေါင်းဆောင်ဖြစ်သူ Worapon Kamkhuntod က ဖြူထိုင်းပါတီဟာ စစ်အာဏာသိမ်းအုပ်စုနှင့် နီးစပ်မှုရှိနေသော နိုင်ငံရေးပါတီနှင့် မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ခြင်းကို လက်မခံသည့်အတွက် ၎င်းတို့သည် ဖြူထိုင်းပါတီကို အားပေးထောက်ခံမည်မဟုတ်ကြောင်း ဆိုသည်။

၎င်းက “ အစိုးရအသစ်ဖွဲ့စည်းနိုင်ဖို့ ဖြူထိုင်းပါတီရဲ့လုပ်ရပ်တွေကို လက်မခံလို့ ဆန္ဒပြတာပါ။ ဖြူထိုင်းပါတီကို ကာလအတန်ကြာ အားပေးထောက်ခံတော့မှာ မဟုတ်ဘူး။ ကျွန်တော် တို့ဟာ ဖြူထိုင်းပါတီအပြင် ရှပ်နီအုပ်စုတွေနဲ့ အာဏာသိမ်းမှုတွေကို တိုက်ဖျက်ခဲ့သူတွေပါ။ လက်ရှိအချိန်မှာတော့ ဖြူထိုင်းပါတီဟာ Bhumjaithai ပါတီနဲ့ ပူးပေါင်းလိုက်တယ်။ ဒါ ကို လက်မခံနိုင်ဘူး။” ဟု ပြောသည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝန်ကြီးချုပ်ရွေးချယ်နိုင်ရန် လွှတ်တော်နှစ်ရပ်ပေါင်း၏ ထောက်ခံမဲအရေအတွက် အနည်းဆုံး ၃၇၅ မဲရရှိရန်လိုအပ်ကြောင်း သတ်မှတ်ထားပြီး အ ထက်လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမဲရရှိရန် လိုအပ်နေကြောင်း သိရသည်။

ထိုင်းရွေးကောက်ပွဲတွင် မဲအများဆုံးအနိုင်ရခဲ့သော ရှေ့သို့ချီပါတီသည် ပြီးခဲ့သောလကကျင်းပခဲ့သော ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် အထက်လွှတ်တော်ကိုယ်စားလှယ်များအပြင် ပြိုင်ဘက်ပါတီများ၏ ထောက်ခံမဲကို အပြည့်အဝမရခဲ့သည့်အတွက် ဝန်ကြီးချုပ်အသစ် ရွေးချယ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ဖြူထိုင်းပါတီနှင့် Bhumjaithai ပါတီတို့ ပူးပေါင်းလိုက်ခြင်းကြောင့် လာမည့်ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲတွင် ဖြူထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းသည် အထက်လွှတ်တော်၏ ထောက်ခံမဲများ ရယူနိုင်ဖွယ်ရှိနေကြောင်း ထိုင်းအထက်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဖြူထိုင်းပါတီနှင့် မဟာမိတ်အဖြစ်ပူးပေါင်းခဲ့သောပါတီသည် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်နေသော အစိုးရအဖွဲ့တွင် မဟာမိတ်ပါတီတစ်ခုအဖြစ် ရပ်တည်နေပြီး ပါတီ ခေါင်းဆောင်က ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူနေကြောင်း သိရသည်။

ကောင်းထက်ငွေ

thaipbsworld.com

#ယနေ့ခေတ်

စစ်တပ်နှင့်ဆက်နွယ်သည့် Bhumjaithai ပါတီနှင့် မဟာမိတ်ညွှန်ပေါင်းအဖြစ် ပူးပေါင်း လိုက်ခြင်းကို မကျေနပ်သည့်အတွက် ဖြူထိုင်းပါတီရုံးချုပ်ရှေ့တွင် ပါတီဝင်ကတ်များကို မီးရှို့ဆန္ဒပြ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်