ငပလီကမ်းခြေရှိ Aureum Palace ဟိုတယ် မီးလောင်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီကမ်းခြေရှိ Aureum Palace Hotel ၏ အဆောင်အချို့၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်၊ ညနေ ၆ နာရီခန့်က ငပလီကမ်းခြေ၊ မြပြင်ရပ်ကွက်ရှိ Aureum Palace Hotel ၌ စတိုခန်းဘက်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

“ စတိုဆောင်ဘက်ကနေ စလောင်တာပဲ။ သူနဲ့နီးတဲ့ အဆောင်သုံးဆောင်လောက်တော့ ပါသွားတယ်။ အဆောင်တွေက သစ်သားတွေနဲ့ ဆောက်ထားတော့ မီးလောင်အားကောင်း တယ်လေ။ ဟိုတယ်မှာ ဧည့်သည်တော့နည်းတယ်။ ဧည့်သည်ရှိတဲ့ အဆောင်တွေအထိတော့ မရောက်ဘူး၊ မီးလောင်အားကတော့ နည်းနည်းပြင်းတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းခဲ့သည့်ဟိုတယ်မှာ ထူးကုမ္ပဏီပိုင် ဟိုတယ်ဖြစ်ပြီး ညနေ ၆ နာရီ ဝန်းကျင်မှစတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး ည ၈ နာရီဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကာ၊ အဆောင် သုံးဆောင်ခန့် မီးကူးစက်လောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်၊ နံနက် ၃ နာရီခန့်က ထူးကုမ္ပဏီပိုင် ဟိုတယ်တစ်ခုဖြစ်သည့် ကန်တော်ကြီးပဲလေ့စ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ အခန်း ပေါင်း ၁၀၀ ကျော် မီးလောင်ကျွမ်းပျက်စီးသွားခဲ့ကြောင်း သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – ဒေသခံတစ်ဦး

#ယနေ့ခေတ်

ငပလီကမ်းခြေရှိ Aureum Palace ဟိုတယ် မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်