ချောင်းသာကမ်းခြေသို့ ပြည်ပခရီးသွားဧည့် အလာနည်း ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၇

ချောင်းသာကမ်းခြေသို့ ပြည်ပခရီးသွားဧည့်သည် အဝင်နည်းပြီး ပြည်တွင်းခရီးသွားလာရောက်မှု အများဆုံးဖြစ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ချောင်းသာ ဇုန်မှ သိရသည်။

“ လာမယ့်ခရီးသွားရာသီအတွက် ဟိုတယ်တွေကို ကြိုတင်ပြင်ဆင်ထားတယ်။ ကိုဗစ်ကာလတုန်းက ပိတ်ထားတဲ့ ဟိုတယ်တွေကတော့ ပြန်မဖွင့်နိုင်သေးဘူး။ မိုးတွင်းကာလလည်း လာကြပါတယ်။” ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ချောင်းသာဇုန်မှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်အောင်က ပြောသည်။

ချောင်းသာတွင် ဟိုတယ်ပေါင်း ၃၂ လုံးရှိပြီး ၂၆ လုံးသာဖွင့်နိုင်သေးကြောင်း၊ အဆိုပါကမ်းခြေသို့ မိုးရာသီတွင် နေ့စဉ် တနင်္လာမှ သောကြာအထိ ပြည်တွင်းခရီးသွား ၆၀၀ ဝန်းကျင်၊ စနေနှင့် တနင်္ဂနွေတွင် ၁၆၀၀ ဝန်းကျင် လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

လာမည့် ပွင့်လင်းရာသီကာလအတွင်း ဦးစားပေးသွားလာ လည်ပတ်သင့်သည့် ခရီးစဉ်ဒေသ ၁၄ ခုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ချောင်းသာ၊ ငပလီ၊ ပြင်ဦး လွင်၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နှင့် ပူတာအိုတို့ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သတင်း/ဓာတ်ပုံ – စုစု

#ယနေ့ခေတ်

ချောင်းသာကမ်းခြေသို့ ပြည်ပခရီးသွားဧည့် အလာနည်း ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်