ချမ်းမြသာစည်မြို့နယ်တွင် ကျောက်အမှုန့်အိတ်များ စင်ပေါ်ထပ်ရာမှ ပြိုကျ၍ အမျိုးသားနှစ်ဦးပေါ်သို့ပိမိ တစ်ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်ပေါ်ရှိ ဂိုထောင်တစ်လုံးအတွင်း၌ စင်ပေါ်သို့ ကျောက်အမှုန့်အိတ်များ တင်ဆောင်ရာတွင် စင်ပြိုကျကာ အလုပ်သမားနှစ်ဦးပေါ်သို့ ကျောက်မှုန့်အိတ်များပိမိ၍ တစ်ဦးမှာဒဏ်ရာရရှိပြီး၊ တစ်ဦးသေဆုံးကြောင်း သိရသည်။

ယနေ့ မွန်လွဲ ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ ဂိုထောင်တစ်လုံးအတွင်း၌ အသက် ၁၉ နှစ်အရွယ် အလုပ်သမားတစ်ဦး ကျောက်မှုန့် အိတ်များတင်ဆောင်ရာတွင် စင်ပြိုကျကာ သေဆုံးနေကြောင်း မဏိစလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“စင်ပေါ်ကို ထပ်ရင်းနဲ့ စင်ကအိပြီး ပြိုကျတာဗျ။ တစ်ယောက်ကတော့ နောက်စိပွင့်သွားတာပေါ့။ တစ်ယောက်က နဖူးကွဲသွားတယ်။ သေဆုံးသူကတော့ အသက် ၁၉ နှစ်ရှိပြီ။ သူတို့က အလုပ်သမားတွေဗျ။ နောက်တစ်ယောက် နဖူးကတော်တော်လေးများတယ်ဗျ။ စိုးရိမ်ရတဲ့အခြေနေပါ” ဟု မဏိစလ လူမှုကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မဏိစလ လူမှုကူညီရေးအသင်းမှ သေဆုံးသူအမျိုးသားနှင် ဒဏ်ရာရရှိသူအမျိုးသားတို့အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- မဏိစလ လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

ချမ်းမြသာစည်မြို့နယ်တွင် ကျောက်အမှုန့်အိတ်များ စင်ပေါ်ထပ်ရာမှ ပြိုကျ၍ အမျိုးသားနှစ်ဦးပေါ်သို့ပိမိ တစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်