ကျောက်ဆည်၌ တိ/မွေးကု လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးပစ်ခတ်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၌ ယနေ့ နံနက်အစောပိုင်းတွင် တိ/မွေးကု လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း ဒေသတွင်းလုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

ယနေ့ နိုဝင်ဘာ ၂ ရက်၊ နံနက်အစောပိုင်းက ကျောက်ဆည်မြို့နယ်မှ တိ/မွေးကု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်မင်းဦးသည် တံစိုးဂိတ်ရပ်ကွက်၌ ဖွင့်လှစ်ထားသည့် ၎င်း၏ဆေးဆိုင်အား သွားရောက်ဖွင့်လှစ်စဉ် ပစ်ခတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

“ ကျည်ဝင်တဲ့ဒဏ်ရာက ကျောဘက်မှာပါ။ စိုးရိမ်ရတဲ့အခြေအနေပါ။” ဟု လုံ ခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူသည် ဝဲဘက်ကျောပြင်၌ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး စိုးရိမ်ရကြောင်း သိရသည်။

ဒဏ်ရာရရှိသူအား ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံမှတစ်ဆင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ကျောက်ဆည်၌ တိ/မွေးကု လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးပစ်ခတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်