ကုန်စည်သင်္ဘောများ တိုက်ခိုက်ခံရမှု မြင့်တက်လာခြင်းကြောင့် အိန္ဒိယအစိုးရက အာရေဘီယံပင်လယ်သို့ စစ်သင်္ဘောများ ပိုမိုစေလွှတ်သွားမည် ဟုဆို

နယူးဒေလီ၊ ဇန်နဝါရီ ၁၁

အိန္ဒိယအစိုးရသည် အာရေဘီယံပင်လယ်ထဲတွင် ပင်လယ်ဓါးပြစစ်ဆင်ရေးအတွက် စစ်သင်္ဘောအရေအတွက် ပိုမိုစေလွှတ်သွားရန် စီစဉ်နေကြောင်း သိရသည်။

ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီးနောက်ပိုင်း အာရေဗျပင်လယ်ပြင်တွင် ကုန်စည်သင်္ဘာများ တိုက်ခိုက်ခံရမှု အရေအတွက်က ပြီးခဲ့သောနှစ်နှင့် နှိုင်း ယှဉ်လျှင် ငါးဆကျော် မြင့်တက်လာခဲ့ကြောင်း သိရသည်။

အိန္ဒိယအစိုးရက ဒါဇင်နှင့်ချီသော စစ်သင်္ဘောများကို အာရေဗျပင်လယ်ပြင်ဘက်ခြမ်းသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း အိန္ဒိယရေပိုင်နက်အနီးတွင် ကုန်စည်သင်္ဘောတစ်စီး တိုက် ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယသည်စစ်သင်္ဘော အနည်းဆုံးငါးစင်းခန့် တိုးမြှင့်စေလွှတ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယရေတပ် ကွန်မန်ဒိုများသည် ပြီးခဲ့သောရက်ပိုင်းကလည်း ကုန်စည်သင်္ဘောနှင့် သင်္ဘောသားများကို ကယ်တင်ရန်အတွက် ကြိုးပမ်းခဲ့ရကြောင်း သိရသည်။

အိန္ဒိယအစိုးရက ထပ်မံစေလွှတ်မည့် စစ်သင်္ဘောများတွင် အမေရိကန်ထုတ် MQ9 drones ဒရုန်းများနှင့် တာဝေးကိုထောက်လှမ်းနိုင်သည့် ထောက်လှမ်းရေးလေယာဉ်များက လိုက် ပါစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အာရေဗျပင်လယ်ပြင်ကို ထပ်မံစေလွှတ်မည့် စစ်သင်္ဘောများအပေါ်တွင် မရိန်းအထူးကွန်မန်ဒိုအပြင် ရဟတ်ယာဉ်များကိုလည်း တင်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အုပ်စုသည် ပင်လယ်နီဒေသ၊ စူးအက်တူးမြောင်းနှင့် ပတ်ဝန်းကျင်ပင်လယ်များတွင် ဖြတ်သန်းသွားလာနေ သော ကုန်စည်သင်္ဘောများကို အရှိန်မြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အမေရိကန်ဦးဆောင်သော နိုင်ငံပေါင်း ၂၀ ပါဝင်သည့် ညွှန်ပေါင်းအုပ်စုက ပင်လယ်နီဒေသလုံခြုံရေးအတွက် ဟူသီလက်နက်ကိုင်အုပ်စု၏ တိုက်ခိုက်မှုရန်ကို ကာကွယ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ဟူသီလက်နက်ကိုင်အုပ်စုသည် ပင်လယ်နီဒေသမှ ဖြတ်သန်းနေသည့် ကုန်စည်သင်္ဘောများ တိုက်ခိုက်နေခြင်းကို ရပ်တန့်မည်မဟုတ်ပဲ၊ အမေရိကန်ကုန်စည်သင်္ဘောများကို ဒရုန်း များ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net

ယနေ့ခေတ်

ကုန်စည်သင်္ဘောများ တိုက်ခိုက်ခံရမှု မြင့်တက်လာခြင်းကြောင့် အိန္ဒိယအစိုးရက အာရေဘီယံပင်လယ်သို့ စစ်သင်္ဘောများ ပိုမိုစေလွှတ်သွားမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်