ကိုးကန့်စစ်​ဘေး​ရှောင်များ ယာယီ​နေထိုင်ခွင့် ကတ်ပြားပြုလုပ်ရန် အသိ​ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ ကိုးကန့်​ဒေသတွင် နှစ်ဖက်တိုက်ပွဲများ​ကြောင့် စစ်​ဘေး​ရှောင်များ မိုင်းလား​ဒေသအတွင်းသို့ ဝင်​ရောက်လာပါက ယာယီ​နေထိုင်ခွင့်ကတ်ပြား ပြုလုပ်ကြ ရန် မိုင်းလားအထူး​ဒေသ(၄)ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်၊ ​နေ့စွဲဖြင့် အသိ​ပေးစာထုတ်ပြန်ခဲ့​ကြောင်း သိရသည်။

“ ကိုးကန့်​ဒေသမှာ နှစ်ဖက်တိုက်ပွဲ​တွေ​ ပြင်းထန်​နေပါတယ်။ စစ်​ဘေး​ရှောင်များအ​နေနဲ့ မိုင်း​လား​ဒေသအတွင်းကို ဝင်​ရောက်လာရင် ယာယီ​နေထိုင်ခွင့်ပြုလုပ်ဖို့ မိုင်းလား​အထူး​ဒေသ (၄)ရဲတပ်ဖွဲ့က အသိ​ပေးစာ ထုတ်ပြန်ထားတာပါ။ လက်တ​လောမှာ စစ်​ဘေး​ရှောင် တစ်​သောင်း​လောက်ရှိမယ်။ စားဝတ်​နေ​ရေး​ အ​တော်လေးအခက်​တွေ့​နေပါတယ်။” ဟု မိုင်းလား​ဒေသ​ရောက် စစ်​ဘေး​ရှောင်ပြည်သူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ စစ်​ဘေး​ရှောင်များအ​နေဖြင့် မိုင်းလား​ဒေသတွင် လူနေထိုင်ခွင့်ယာယီ​ကတ်ပြားနှင့် ကားပါလာလျှင် ကားယာယီနံပါတ်ပြားတို့ကို ​နေ့စဥ် နံနက် ၆ နာရီမှ ည​နေ ၆ နာရီအထိ စု​ပေါင်းလက်မှတ်ရုံ၌ ပြုလုပ်ရမည်ဖြစ်​ကြောင်း သိရသည်။

ထို့ပြင် ကိုးကန့်​ဒေသမှ စစ်​ဘေး​ရှောင်များအ​နေဖြင့် ယာယီ​နေထိုင်ခွင့်အတွက် မှတ်ပုံတင်(မိတ္တူ)နှင့် ပါတ်စပို့စ်ပုံနှစ်ပုံ၊ ​နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များ တိကျစွာ ​​ကတ်ပြား​လျှောက် လွှာတွင် ​ဖော်ပြ​ပေးရမည်ဖြစ်​ကြောင်းနှင့် အသက် ၁၆ နှစ်​အောက် က​လေးငယ်များအား မိသားစု​ထောက်ခံစာဖြင့် ပူးတွဲတင်ပြရမည်ဖြစ်​​ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရ သည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

ကိုးကန့်စစ်​ဘေး​ရှောင်များ ယာယီ​နေထိုင်ခွင့် ကတ်ပြားပြုလုပ်ရန် အသိ​ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်