ကလေးမြို့နယ်တွင် လက်နက်ကြီးကျည်ကျမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာရ

ကလေး၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စက်တင်ဘာ ၂၉ ရက်၊ ယနေ့ နံနက်ပိုင်းက နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုး သားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြာင်း ဒေသခံများထံမှ သိရသည်

သေဆုံးသူအမျိုးသမီးသည် အင်ဒိုင်းကုန်းရွာမှ အသက် ၃၀ ကျော်အရွယ် ဒေါ် ပဲလှော်ဖြစ်ပြီး အိမ်နီးချင်းဖြစ်သည့် အခြားအမျိုးသားတစ်ဦးလည်း ပြင်းထန်သည့်ဒဏ်ရာများရရှိခဲ့ ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အမျိုးသမီးက အိမ်ထဲမှာရှိနေတဲ့အချိန် လက်နက်ကြီးကျည်ကျတာ၊ အဲ့ဒီအမျိုးသမီးက တစ်ခါတည်းဆုံးသွားတယ်။ အမျိုးသားတစ်ဦးက ဒဏ်ရာရသွားတယ်။ လက်နက်ကြီးကျည် တွေက အဆက်မပြတ်ကျနေတာ။” ဟု အထက်ပါပုဂ္ဂိုလ် ဆက်ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၂၈ ရက်၊ ညပိုင်းကလည်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကလေးမြို့တပ်ဦး သီတာရပ်ကွက်မှ ဒေသခံနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သေးကြောင်း သိရ သည်။

ထို့အပြင် စက်တင်ဘာ ၂၇ ရက်ကလည်း ကလေးမြို့နယ်၊ တောင်ပိုင်း၊ ရှားဖိုရွာ နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိနေသည့် မိသားစု ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်းအတွင်း PDF, LPDF များနှင့် နစကတပ်များကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ အသက်သေဆုံးခြင်း၊ အိုးအိမ်များ မီးရှို့ခံရခြင်း၊ အရပ်သားများ သတ်ဖြတ်ခံရခြင်းများ ဖြစ်ပွားလျက်ရှိသည်။

ဝဏ္ဏ

#ယနေ့ခေတ်

Photo-CJ

ကလေးမြို့နယ်တွင် လက်နက်ကြီးကျည်ကျမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်