ကလော-မိတ္ထီလာအမြန်လမ်းတွင် ​မော်​တော်ယာဥ်တစ်စီး ဘရိတ်ပေါက်ပြီး ချောက်အတွင်းပြုတ်ကျ ယာဉ်မောင်းသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ကလော-မိတ္ထီလာအမြန်လမ်းတွင် ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီက ​မော်​တော်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ပဲ ​ပေ ၃၀ ခန့်ရှိ လမ်း​ဘေး​ချောက်အတွင်းသို့ ပြုတ်ကျ၍ ယာဥ်​မောင်း​သေဆုံးသွား​ကြောင်း နာရေးကူညီမှုအသင်း(အောင်ပန်း)မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ကလော-မိတ္ထီလာအမြန်လမ်း ဝက်ဖြူရေအောက်ဖက်၊ မဂွေဘုန်းကြီးကျောင်းအနီးတွင် အရှိန်မထိန်းနိုင်ပဲ Canter တစ်စီး ဘရိတ်ပေါက်ကာ အနက် ၃၀ ခန့်ရှိ လမ်း​ဘေးချောက် အတွင်းသို့ ပြုတ်ကျခဲ့ပြီး ယာဥ်​မောင်း​သေဆုံးခဲ့​ကြောင်း သိရသည်။

“ အနက် ပေ ၃၀ ခန့်ရှိတဲ့ လမ်း​ဘေး​ချောက်ထဲကို အရှိန်မထိန်းနိုင်ပဲ Center ယာဥ်တစ်စီး ဘရိတ်​ပေါက်ပြီး တိမ်း​မှောက်မှုဖြစ်သွားပါတယ်။ ကားဦးခေါင်းအတွင်းမှာ ညပ်မိနေတဲ့ ယာဉ်မောင်းကို ကရိန်းအကူအညီနဲ့ ဇန်နဝါရီ ၁၅ ရက် နံနက် ၃ နာရီအချိန်မှာ ကယ်ထုတ်နိုင်ခဲ့ပေမယ့် သေဆုံး​နေပါတယ်။” ဟု နာရေးကူညီမှုအသင်း(အောင်ပန်း)မှ တာဝန်ရှိသူ တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ယင်းဖြစ်ပွားရာသို့ ကလောလူမှုကူညီရေးအဖွဲ့များနှင့် ပူးပေါင်းကာ ထိခိုက်ဒဏ်ရာရရှိသူ စပယ်ယာအား အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့သည်။ သေဆုံးသူယာဉ်မောင်းသည် အောင် ပန်းမြို့၊ ဇောတိရပ်ကွက်နေ ကိုကျော်ဆိုသူဖြစ်ပြီး၊ ၎င်း၏ရုပ်အလောင်းကို ကလောဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့​ကြောင်း နာရေးကူညီမှုအသင်း(အောင်ပန်း)မှ တာဝန် ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မြင့်မြတ်​အောင်မြင် 

ဓါတ်ပုံ – နာရေးကူညီမှုအသင်း(အောင်ပန်း)

ကလော-မိတ္ထီလာအမြန်လမ်းတွင် ​မော်​တော်ယာဥ်တစ်စီး ဘရိတ်ပေါက်ပြီး ချောက်အတွင်းပြုတ်ကျ ယာဉ်မောင်းသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်