ကချင်ပြည်နှင့် စစ်ကိုင်း ကားလမ်းမကြီး ပြန်လည်ဖြတ်သန်းခွင့်ပြု

ရန်ကုန်၊ နိုဝင်ဘာ ၂၆

နှစ်ဘက်တိုက်ပွဲများ​ကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းသို့ သွားကားလမ်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်က စတင်ပိတ်ထားခဲ့​ရာမှ နိုဝင်ဘာ ၂၆ ရက် (ယနေ့) တွင် ပြန်လည် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ​ဒေသခံများ၏ ​ပြောဆိုချက်အရ သိရသည်။

“ ကချင်ပြည်နယ်နဲ့ စစ်ကိုင်လမ်း သွားလာခွင့်ပိတ်ခံထားရတာ မှန်ပါတယ်။ ယ​နေ့ပြန်လည်ခွင့်ပြုလိုက်ပါတယ်။ အ​ကြောင်းအရင်းအတိအကျ မသိရ​ပေမယ့် နှစ်ဘက်တိုက်ပွဲ​ကြောင့် သွားခွင့်ပိတ်လိုက်တဲ့သ​ဘောပါ။ ဒီလမ်းမကြီးက​​ ကုန်ပစ္စည်းသယ်ယူပို့​ဆောင်​ရေး အဓိက​ဆောင်ရွက်​နေရတဲ့ လမ်းပိုင်းပါ။ ပြန်ဖွင့်​တော့ ကုန်သယ်​တွေအတွက် အဆင်​ပြေတာ ​ပေါ့။” ဟု ကချင်ပြည်နယ်မှ စစ်​ဘေးရှောင်ပြည်သူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ကချင်ပြည်နယ်နှင့် စစ်ကိုင်းမြို့နယ်သို့ ဖြတ်သန်းသွားလာရသည့် ပြည်ထောင်စုလမ်းမကြီးအား ပိတ်ပင်လိုက်ခြင်းကြောင့် လူသုံးကုန်ပစ္စည်းများနှင့် စက်သုံးဆီ၊ စားအုန်းဆီ၊ ဆန်၊ ​ဒေသထွက်ဟင်းသီးဟင်းရွက်များအပါအဝင် အ​ခြေခံစား​သောက်ကုန်ပစ္စည်းများလည်း စျေးမြင့်တက်ခဲ့​ကြောင်း သိရသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

ကချင်ပြည်နှင့် စစ်ကိုင်း ကားလမ်းမကြီး ပြန်လည်ဖြတ်သန်းခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်